
ထရမ့်က ပြည်စောင့်တပ်ဖွဲ့ဝင် ၂,၀၀၀ နဲ့ မရိမ်းတပ်ဖွဲ့ဝင် ၇၀၀ ကို ထပ်မံဖြန့်ကြက်ချထား

လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ စီးနင်းရှာဖွေမှုတွေကို ပြည်ထောင်စုအဆင့်တုံ့ပြန်တာကို အထောက်အကူအပြုဖြစ်စေဖို့ဆိုပြီး သမ္မတ ဒေါ်နယ်ထရမ့်ဟာ ပြည်စောင့်တပ်ဖွဲ့ဝင် ၂,၀၀၀ နဲ့ မရိမ်းတပ်ဖွဲ့ဝင် ၇၀၀ ကို ထပ်မံ ဖြန့်ကြက်ချထားလိုက်ပြီလို့ သိရပါတယ်။
ဒီလို တပ်ဖြန့်ကြက်တဲ့အကြောင်းကိုလည်း ပင်တဂွန်စစ်ဌာနချုပ်က အတည်ပြုပါတယ်။
ကယ်လီဖိုးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူး ဂယ်ဗင် နယူဆန်ကတော့ ပြည်နယ်အတွင်းမှာ ပြည်ထောင်စုအဆင့်က အခုလိုတပ်ဖွဲ့ဝင်ဖြန့်ကြက်ချထားတာကို ဥပဒေကြောင်းအရ တရားစွဲဆိုသွားမယ်လို့ ဆိုပါတယ်။
လော့စ်အိန်ဂျလိစ်မြို့လယ်က နေရာတချို့ကို လူဝင်မှုနဲ့အကောက်ခွန်ကြီးကြပ်ရေးအဖွဲ့(ICE) က စီးနင်းရှာဖွေတာတွေ ပြုလုပ်ခဲ့တဲ့ သောကြာနေ့ကတည်းက ဆန္ဒပြပွဲတွေ ပေါ် ထွက်နေတာပါ
ပြည်တွင်းက တရားဥပဒေစိုးမိုးရေးမှာ အမေရိကန်စစ်တပ် တပ်ဖွဲ့ဝင်တွေ ပါဝင်လာတာကတော့ ဖြစ်ရိုးဖြစ်စဉ် မဟုတ်တဲ့အခြေအနေပါ။
သမ္မတ ထရမ့်ဟာ ပြည်စောင့်တပ်ကို ဖြန့်ကြက်တာ အခုတစ်ကြိမ်က ဒုတိယအကြိမ်ဖြစ်ပါတယ်။
ပထမအကြိမ် ဖြန့်ကြက်မှုတုန်းက အခြေအနေကို ‘‘ထရမ့်လွှတ်လိုက်တဲ့ ပြည်စောင့်တပ် LA မြို့ကြီးထဲ ဝင်လာပြီ” မှာ ဝင်ရောက် ဖတ်ရှုနိုင်ပါတယ်။
Leave a Reply