Clashes between the military and the TNLA between Pinnaigone and Kangyi villages, a few miles from Naungcho town.

နောင်ချိုမြို့နဲ့ မိုင်အနည်းငယ်အကွာ ပိန္နဲကုန်း – ကန်ကြီးရွာကြား စစ်တပ်နဲ့ TNLA တိုက်ပွဲဖြစ်

ရှမ်းမြောက်က တအာင်းတပ်(TNLA) သိမ်းထားတဲ့ နောင်ချိုမြို့ဘက်ကို စစ်တပ်က ထိုးစစ်ဆင်လာပြီး ဇွန် ၉ ရက် မနက်ပိုင်းကစပြီး ပိန္နဲကုန်းနဲ့ ကန်ကြီးရွာကြား တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ TNLA က မနေ့ညက ထုတ်ပြန်ပါတယ်။

တိုက်ပွဲဟာ နောင်ချိုမြို့ပေါ်နဲ့ ၇ မိုင်ဝန်းကျင်လောက်မှာ ဖြစ်ခဲ့တာပါ။

ဒီတိုက်ပွဲအတွင်း စစ်တပ်က လက်နက်ကြီး ၂၇ လုံး ပစ်ကူခဲ့တယ်လို့ TNLA က ဆိုပါတယ်။

ဇွန် ၁၀ ရက် စစ်ရေးအခြေအနေနဲ့ပတ်သက်လို့ ဘီဘီစီက TNLA ကို ဆက်သွယ်မေးမြန်းထားပေမဲ့ ပြန်လည်ဖြေဆိုတာ မရှိသေးပါဘူး။

ဇွန် ၇ ရက်နဲ့ ၈ ရက်တွေမှာလည်း ရှောက်ခြံ၊ ကန်ကြီး၊ လက်ပန်ကုန်း၊ ညောင်တောနဲ့ နောင်ချိုကြီးရွာတွေမှာ တိုက်ပွဲတွေဖြစ်ခဲ့ပါတယ်။

ဒီတိုက်ပွဲတွေမှာလည်း စစ်တပ်က ဒရုန်းနဲ့လက်နက်ကြီး အသုံးပြုတိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဆိုပါတယ်။

ဇွန် ၄ ရက်ကတော့ စစ်တပ်က နောင်ချိုမြို့တွင်း လက်နက်ကြီး ပစ်ခတ်တာကြောင့် အရပ်သား ၄ ဦး ထိခိုက်ပြီး နေအိမ်နဲ့ ဘုန်းကြီးကျောင်းတချို့ ပျက်စီးခဲ့ပါတယ်။

စစ်တပ်ဟာ ဗျူဟာကျတဲ့ နောင်ချိုအပါအဝင် TNLA သိမ်းထားတဲ့ မြို့ ၅ မြို့ကနေ ဆုတ်ခွာဖို့ ကူမင်းဆွေးနွေးပွဲမှာ တောင်းဆိုထားတာပါ။

Be the first to comment

Leave a Reply

Your email address will not be published.


*