A military fighter jet was shot down in the battle for Pale Township – PLA

ပုလဲမြို့နယ်တိုက်ပွဲမှာ စစ်တပ်တိုက်လေယာဉ်တစ်စင်းကို ပစ်ချ – PLA

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ထဲက ကန်ထောင့်နယ်မြေရဲစခန်းသိမ်းတိုက်ပွဲအတွင်း စစ်တပ်ရဲ့ တိုက်လေယာဉ် တစ်စင်းကို ဒီနေ့လယ်ပိုင်းမှာ ပစ်ချခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်(PLA) က ဘီဘီစီကို ပြောပါတယ်။

‘‘တိုက်ပွဲက သတင်းမထုတ်လို့ မသိရတာပါ။ စခန်းသိမ်းတိုက်ပွဲကို မဟာမိတ်အဖွဲ့တွေနဲ့ တိုက်နေတာ ဇွန်လ ၂ ရက်ကတည်းကပါ။ စစ်တပ်ကလည်း လေယာဉ်နဲ့ ဗုံးကြဲနေတာ ရာ ထောင်ဂဏန်းတောင်ရှိပြီလို့ ပြောလို့ရပါတယ်။ ဒီနေ နေ့လယ် ၁၂ နာရီ ၁၅ မိနစ်မှာ စစ်တပ်လေယာဉ်ကို ပစ်ချခဲ့တာပါ။ လေယာဉ်အမျိုးအစားကတော့ စိစစ်နေတုန်းပါပဲ’’ လို့ PLA ပြောခွင့်ရ ရဲဘော်နီနီကျော်က ပြောပါတယ်။

လူမှုကွန်ရက်ပေါ်မှာ တက်နေတဲ့ ရုပ်သံမှာတော့ လေယာဉ်ပျက်ကျတဲ့နေရာမှာ လေယာဉ် ဘီးတစ်ခု မီးလောင်နေတာ၊ လေယာဉ်ပျက်ကျခဲ့တယ်ဆိုတဲ ဘုန်းကြီးကျောင်းဝင်းထဲမှာ ဘုန်းကြီးကျောင်း မီးလောင်နေတာနေတာတွေ တွေ့ရပါတယ်။

ရုပ်သံထဲမှာ ပြောကြားချက်အရ ပျက်ကျခဲ့တဲ့လေယာဉ်ဟာ Y12 လေယာဉ်ဖြစ်တယ်လို့ ရုပ်သံတင်သူက ပြောထားတာတွေ့ရပါတယ်။

စစ်ကောင်စီတပ်ကတော့ ပုလဲက အခြေအနေတွေနဲ့ ပတ်သက်ပြီး သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

Be the first to comment

Leave a Reply

Your email address will not be published.


*